Language: EN MM

WELCOME TO THE SECRETARIAT

SOUND

သမိုင်းကြောင်း


၁၉ ရက် ဇူလိုင်လ ၁၉၄၇ ခုနှစ်

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ဝန်ကြီး ၆ ပါး အလုပ်အကြံခံရ

ယခုအချိန်တွင် ထိုနေ့ကို အာဇာနည်နေ့ အဖြစ် တစ်တိုင်းတပြည်လုံးက အလေးထားကာ အစိုးရရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုထားကြလေသည်။ ထိုအခင်းဖြစ်ပွားမှုတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ဦးဘဝင်း၊ သခင်မြ၊ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း အပြင် လမ်းပန်းပို့ဆောင်ရေး ဝန်ကြီးဌာန၏ ဒုတိယ အတွင်းဝန်ဖြစ်သော ဦးအုန်းမောင်နှင့် သက်တော်စောင့် ရဲဘော်ကိုထွေးတို့ ပါဝင်ခဲ့ကြသည်။

ဗိတိသျှ - ဘားမား၏ အုပ်ချုပ်ရေးနှင့် တရားစီမံခန့်ခွဲရေး အခြေစိုက်ရုံး

ဝန်ကြီးများရုံး


ဝိတိုရိယ ဘုရင်မကြီးခေတ် ဗိသုကာ လက်ရာများနှင့် အတူ ထိုခေတ်အခါက အစိုးရအဆောက်အဦးများတွင်သာ အသုံးပြုလေ့ရှိသော အနီရောင်နှင့် အဝါရောင် အုတ်နီခဲများကိုသာ အသုံးပြုကာ တည်ဆောက်ထားသော U ပုံသဏ္ဍာန်ရှိ အဆောက်အဦးကြီးတစ်ခု ဖြစ်လေသည်။ ၁၉ ရာစု အနှောင်းပိုင်းကာလများတွင် စတင်တည်ဆောက်ခဲ့ပြီး ပင်မ အလယ်ဗဟို တောင်ဘက်အခြမ်းအား ၁၉၀၂ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ ကျန်အရှေ့ဘက်နှင့် အနောက်ဘက် အဆောက်အအုံများကို ၁၉၀၅ ခုနှစ်တွင် အပြီးသတ်နိုင်ခဲ့လေသည်။ အိန္ဒိယရူပီးငွေ ၂.၅ သိန်းကျသင့်ခဲ့လေသော ထိုအဆောက်အအုံကြီးကို ခရဇ်နှစ် ၁၉၇၂ ခုနှစ် မတိုင်ခင်အထိ “အစိုးရ အတွင်းဝန်ရုံး” ဟုခေါ်တွင်စေခဲ့ကြကာ နောင်ကာလများတွင် ဝန်ကြီးများရုံးဟု ပြင်ဆင်ခေါ်ဆိုခဲ့ကြလေသည်။

လေ့လာရန်    

အဖိုးမဖြတ်နိုင်သော သမိုင်းအမွေအနှစ်များ နောင်လာမည့်မျိုးဆက်သစ်များဆီသို့

ပြန်လည်ပြုပြင် ထိန်းသိမ်းခြင်း


ပင်မအဆောက်အအုံ(တောင်ဘက်ခြမ်း) မှ ပင်မအမိုးခုံကြီး နှင့်အတူ အရှေ့နှင့် အနောက်ဘက်ထောင့်မှ အမိုးခုံ ၄ ခုစီသည် ၁၉၃၀ ခုနှစ် ပဲခူးငလျှင်တွင် ပြိုကျပျက်စီးခဲ့ရလေသည်။ ဤစတုရန်းပေ ၃၅,၀၀၀ ကျော်ခန့် ကျယ်ဝန်းသော အတွင်းဝန်များရုံး၏ အဆောက်အအုံဥပစာထဲတွင် ပြခန်းများ၊ အဆင့်မြှင့်နည်းပညာများနှင့် ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ၊ အခြားအထူးပြုပြင်ရေးစီမံကိန်းများ ပါရှိပါသည်။

လေ့လာရန်    

Supports